ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ စားသုံးသူရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ပခုက္ကူ နိုဝင်ဘာ ၁၉

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ယမန်နေ့နံနက် ၉နာရီအချိန်က စားသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ပခုက္ကူခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများ၊ စားသုံးသူကော်မတီအဆင့်ဆင့် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးနေမှုများ၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်နှင့်ဝန်ဆောင်မူများကို တိုက်ရိုက် သုံးစွဲသူ ပြည်သူအများရရှိခံစားရမည့်အကျိုးကျေးဇူးများနှင့် သိရှိသင့်သည့်အချက်အလက်များအကြောင်း တို့ကို ရှင်းလင်းဟောပြောသည်။

ယင်းနောက် ဟောပြောပွဲတက်ရောက်လာသည့် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန(ခရိုင်ရုံး)မှ လက်ထောက်ညွှန် ကြားရေးမှူး ဦးဆန်းလင်း၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်း ကျောင်းမှ ကျောင်းအုပ်ကြီးနှင့်ဆရာ၊မများ၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာမများ၊ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ် သင်တန်းအမှတ်စဉ် (၅)သင်တန်းသူများက သိရှိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြား ပေးခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)