သုံးခွမြို့နယ်တွင်  အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကျင်းပ

သုံးခွ နို၀င်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်  သုံးခွမြို့နယ် အ.ထ.က(၁) ကျောင်းတွင်  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား.   အင်္ဂလိပ်စာဘာသာစကား ဝေါဟာရ ကြွယ်ဝစေရေး၊ ကိုယ်ပိုင်အတွေးအခေါ်ဖြင့် ရေးသားမှုစွမ်းရည်၊ အင်္ဂလိပ်စာဘာသာစကားပြော ကျွမ်းကျင်မှု စွမ်းရည်များ မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်၍  အင်္ဂလိပ်စာစွမ်းရည် ရေးဖြေ ပြိုင်ပွဲကို ယနေ့ နံနက် ၉နာရီကကျင်းပကြောင်းသိရသည်။

အဆိုပါ စွမ်းရည်ပြိုင်ပွဲကို ဖြေဆိုချိန် (၁)နာရီဖြင့် စာဖြေခန်း (၅)ခန်းခွဲ၍ ကျင်းပခဲ့ရာ   မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ (Grade-5) မှ (Grade-9)ထိ  စုစုပေါင်း ကျောင်းသားကျောင်းသူ (၁၄၀)ဦးတို့မှ ဝင်ရောက်ပါဝင်ယှဉ်ပြိုင် ခဲ့ကြောင်း သိရပြီး နိုဝင်ဘာ(၁၉) ရက်နံနက် ၉ နာရီတွင် အင်္ဂလိပ် စာနှုတ်‌ဖြေနှင့် သင်္ချာ၊ စွမ်းရည်ရေးဖြေ နှုတ်ဖြေပြိုင်ပွဲဆက်လက် ကျင်းပသွားမည်ဟု တာဝန်ခံမြို့နယ်ပညာရေးမှူး ဒေါ်ဆွေဆွေဝင်းထံမှသိရသည်။

စည်သူလင်း ပြန်/ဆက်