လွိုင်ကော်မြို့တွင် ရွေးကောက်ပွဲကျင်းပမည့် မဲရုံများအား မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်

လွိုင်ကော် ဒီဇင်ဘာ ၂၁

ကယားပြည်နယ်၊ လွိုင်‌ကော်မြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် မဲရုံများတွင် မီးဘေးလုံခြုံရေးအတွက် ခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့မှ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းမှစ၍ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်လျှက်ရှိသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်ဝင်းထွန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးနယ်လ်ဆင်လှမြိုင်၊ မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ အင်ဂျင်နီယာ ဦးဉာဏ်လင်းထွန်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် မဲရုံများအတွင်း လျှပ်စစ်သွယ်တန်းထားရှိမှုများ၊ မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာထားရှိမှုများကို စစ်ဆေးခဲ့ပြီး မီးဘေးလုံခြုံရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မီးသတ်ဆေးဘူး အသုံးပြုနည်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မေစု(ပြန်/ဆက်)