သာယာဝတီ ဒီဇင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မဲရုံတွင်တာဝန်ကြမည့် ပညာရေးဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများက ကြိုတင်ဆန္ဒမဲ စတင်ပေးနှံသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း (၁)၌ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ (၄၅) (ခ) အကျုံးဝင်သော မဲဆန္ဒရှင်များအနက် နိုင်ငံတော်တာဝန်များဖြင့် ခရီးဝေးသွားလာရန်ရှိနိုင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် အစိုးရအဖွဲ့အစည်းဝင်များ၊ ကော်မရှင်အဖွဲ့အစည်းအသီးသီးမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲတာဝန်ထမ်းဆောင်ရမည့်သူများသည် ဒီဇင်ဘာ ၁၈ ရက်နေ့မှ ၂၇ ရက်နေ့အထိ နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာထားပြီးဖြစ်ရာ ယမန်နေ့တွင် မဲရုံတွင်တာဝန်ကြသည့် ရွေးကောက်ပွဲတာဝန်ထမ်းဆောင်ရမည့် ပညာရေးဝန်ထမ်းဆရာ၊ ဆရာမများက ပြည်သူ့လွှတ်တော်(၈)ပါတီ၊ အမျိုးသား လွှတ်တော် (၅,)ပါတီ၊ (မဲအများဆုံးရသူ အနိုင်ယူ စနစ်)၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော် (၅)ပါတီ၊ (မဲအများဆုံးရသူ အနိုင်ယူ စနစ်)၊ ကရင်တိုင်းရင်းသားလွှတ်တော်(၅)ပါတီ၏ သက်ဆိုင်ရာ မဲဆန္ဒအလိုက် ဝင်ရောက်ယှဥ်ပြိုင်ကြသည့် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်လောင်းများကို ကြိုတင်ဆန္ဒမဲ စတင်ပေးနှံခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)