မောက်မယ် ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ပန်လန်းအခြေခံပညာမူလတန်းကျောင်း(နောင်ပီ)နှင့် နမ့်ယွန်းကျေးရွာအဝင်လမ်း ကျောက်ခင်းခြင်းလုပ်ငန်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းသက်နိုင် ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပါဝင်သောအဖွဲ့သည် ယမန်နေ့နေ့လယ် ၁၂ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြို့နယ်ပညာရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်(၁၅၂.၇၇၁)သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သော ဟိန်းမြင့်ဝါကုမ္ပဏီမှ တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်နေသည့် (၆၀×၃၀)ပေ RCC (၁)ထပ်ဆောင် ပန်လန်း အခြေခံပညာမူလတန်းကျောင်း(နောင်ပီ) ဆောက်လုပ်ခြင်းလုပ်ငန်းအား ၄၅% ဆောင်ရွက်ပြီးစီးမှုနှင့် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်(၂၃၁.၃၉၂)သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သော T.T.T Brothers ကုမ္ပဏီမှ တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်နေသည့် မောက်မယ်−ဆိုက်ခေါင်လမ်းမကြီးမှ နမ့်ယွန်းကျေးရွာအဝင်လမ်း ၀/၇မိုင် ကျောက်ခင်းခြင်းလုပ်ငန်း ၁၅% ဆောင်ရွက်ပြီးစီးမှုနှင့် ၄င်းလမ်းပေါ် ရှိ(၅)ပေ Box Culvert(၁)စင်း ၁၇% ဆောင်ရွက်ပြီးစီးမှုနှင့်ပတ်သက်၍ အမှန်တကယ် ပြီးစီးမှုရှိ/မရှိ အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(ပြန်/ဆက်)