ပျဉ်းမနား ဒီဇင်ဘာ ၂၁
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်သန်စွမ်းရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် နှစ်စဉ်ဒီဇင်ဘာလ၏ အပတ်စဉ်စနေနေ့တိုင်းတွင် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်၌ ဒီဇင်ဘာလူထုအားကစားလ ဒုတိယပတ် စုပေါင်း လမ်းလျှောက်ပွဲကို ယမန်နေ့နံနက်ပိုင်းကကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များသည် ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများနှင့်အတူ ပေါင်းလောင်း အားကစားကွင်းမှ နှင်းဆီပန်းအဝိုင်းအထိ စုပေါင်းလမ်းလျှောက်ကြပြီး ပေါင်းလောင်း အားကစား ကွင်းစုရပ်တွင် ကာယလေ့ကျင့်ခန်း အတွဲ (၁)၊ အတွဲ(၂)နှင့် Fitness Dance လေ့ကျင့်ခန်းများကို စုပေါင်းဆောင်ရွက်ကြသည်။
ထို့နောက် စုပေါင်းလမ်းလျှောက်ပွဲတွင်ပါဝင်ကြသည့် ကျောင်းသား/ကျောင်းသူများအတွက် အမျိုးသား/အမျိုးသမီး လွန်ဆွဲပြိုင်ပွဲနှင့် မီတာ ၁၀၀ အပြေးပြိုင်ပွဲများ ဆောင်ရွက်ပေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)