စစ်ကိုင်း နိုဝင်ဘာ ၂၂
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေမင်းဝံအခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေး ဟောပြော ဆွေးနွေးပွဲကို နိုဝင်ဘာ(၂၂)ရက်၊ နေ့(၁)နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရ သည်။
ဟောပြောဆွေးနွေးပွဲတွင် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုး က အသိပညာပေးဆွေးနွေးရာတွင် ကျောင်းသား/ ကျောင်းသူများအား လူကုန် ကူးမှု အန္တရာယ်မှ ရှောင်ရှားနိုင်ရေး ဆောင်ရန်/ ရှောင်ရန်များ၊ မူးယစ်ဆေးဝါးသုံးစွဲမှု မရှိစေရေးအတွက် မူးယစ်ဆေးဝါးဆိုးကျိုးများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာနိုင်ရေး ဥပဒေ/ နည်းဥ ပဒေများ၊ ကျောင်းစာများအပြင် ပညာဗဟုသတပိုမိုရရှိစေရန် သုတ/ ရသ စာအုပ်/ စာပေများလေ့လာ ကြည့်ရှူ့သွားကြဖို့ စသည်ဖြင့် ဆွေးနွေးပေးခဲ့ပြီး စာအုပ်များကို ပေးဖတ်ပြီး မိမိတို့ဖတ်မှတ်ထားသည့် အကြောင်းအရာများကို ပြန်လည်ဆွေးနွေးစေရာ ကျောင်းသား/ ကျောင်းသူများက ပြန်လည်ဆွေးနွေး ပေးခဲ့ကြသည်။
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတများရရှိနိုင်စေရန် Talk Show များကျင်းပခြင်း၊ သုတ/ ရသ စာအုပ်/ စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်း၊ အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ခြင်းနှင့် ကျောင်းသား/ ကျောင်းသူ လူငယ်များအား ပြပွဲ/ ပြိုင်ပွဲ ကျင်းပပေးခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်