ကသာ ဇွန် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊" ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေး" လှည့်လည်အသိပေး နိုးဆော်ပေးခြင်းကို မေ ၂၀ ရက်နေ့နံနက် (၈) နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှေ့မှစတင်၍ မြို့အတွင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ လှည့်လည်အသိပေးကြေညာခြင်း ဆောင်ရွက်ရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်း ဦးဆောင်၍ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်ပြန်/ဆက်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများက ရပ်ကွက်အတွင်း အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
မြို့အတွင်းသို့ အသံချဲ့စက်ဖြင့် အသိပေးကြေညာခြင်း၊ စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခဲ့ရာတွင် ခရိုင်/မြို့နယ်စီံမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးဌာနမှ ဆရာ/ဆရာမများ စုစုပေါင်း(၉၅)ဦးခန့်ဖြင့် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ကသာ)