မုံရွာ ဇွန် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်များ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ဇွန်လ ၁၅ ရက်၊ နံနက်ပိုင်းတွင် မုံရွာကုန်စည်ဒိုင်ရှိ ကုန်သည်၊ ပွဲစား၊ စက်ပိုင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးသည် ရေခံ၊ မြေခံကောင်းများစွာရှိသည့် တိုင်းဒေသကြီးတစ်ခု ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး၏ စီးပွားရေး မောင်းနှင်အားသည် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများ အပေါ် မှီတင်းလုပ်ကိုင်ဆောင်ရွက်နေသကဲ့သို့ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင် တာဝန်ရှိသူများအားလုံးမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ကုန်သည်၊ ပွဲစား၊ စက်ပိုင်များအနေဖြင့်လည်း သီးနှံများနှင့်ကုန်ပစ္စည်းများ တင်ဆောင်သည်ပို့ရာတွင် လမ်းခရီးတွင်အခက်အခဲများမရှိစေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အလေးထားကာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ယခုတွေ့ဆုံပွဲသို့ တက်ရောက်လာသူများမှလည်း မိမိတို့လုပ်ကိုင်နေသည့် လုပ်ငန်းအပေါ် လိုအပ်ချက်များရှိပါက ပွင်းပွင်းလင်း လင်း ဆွေးနွေးတင်ပြသွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် မုံရွာကုန်စည်ဒိုင်ရှိ ကုန်သည်၊ ပွဲစား၊ စက်ပိုင်များက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဖြည့်ဆည်းပေါင်းစပ် ပေးရန်လိုအပ်သည့် လုပ်ငန်းအခြေအနေများအား ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာကုန်စည် ဒိုင်အတွင်း သီးနှံများရောင်းဝယ်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)