မူဆယ် ဇွန် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ၂၀၂၁-၂၀၂၂ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသည့် ကျောင်းနေအရွယ်ကလေးများအတွက် Placement Test(အထူး)စာမေးပွဲကို ယမန်နေ့ နံနက်(၉)နာရီမှစ၍ အခြေခံပညာအထက်တန်းကျောင်း(၂)ကျောင်းရှိ စာစစ်ဌာနများတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Placement Test (အထူး)စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုရန် စာရင်းရှိ Grade-1 မှ Grade-8 အထိ ကျား(၇၉၃)ဦး၊ မ(၈၉၃)ဦး၊ စုစုပေါင်း (၁၆၈၆)ဦးရှိပြီး၊ ဝင်ရောက်ဖြေဆိုသူ ကျား(၇၂၇)ဦး၊ မ(၈၀၄)ဦး၊ စုစုပေါင်း (၁၅၃၁)ဦး ဖြစ်သောကြောင့် ဝင်ရောက်ဖြေဆိုသူ ၉၀% ကျော်ရှိကြောင်း သိရသည်။ အဆိုပါ စာမေးပွဲဖြေဆိုသည့်နေရာများသို့ မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး အားပေးစကား ပြောကြားခဲ့သည်။ ယင်းစာမေးပွဲအောင်စာရင်းကို ဇူလိုင်လ(၁)ရက်နေ့တွင် ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး၊ အောင်မြင်ကြသည့် ကျောင်းသား/ကျောင်းသူများကို ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ပညာဆက်လက်သင်ကြားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ခရိုင်ပြန်/ဆက်