သပိတ်ကျင်းမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

သပိတ်ကျင်း နိုဝင်ဘာ ၂၅

မန္တ​လေး​တိုင်း​ဒေသကြီး သပိတ်ကျင်းခရိုင် သပိတ်ကျင်းမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီကဝါးဖြူတောင်ကျေးရွာ သိက္ခာရာမကျောင်းတိုက်ဓမ္မာရုံတွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသန်းထိုက်​အောင်က ကျေးလက်နေပြည်သူများအတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ​မွေးမြူရေး၊ လယ်ယာလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ဆွေးနွေးခဲ့ပြီးဌာနဆိုင်ရာ တာဝန်ရှိသူများက လယ်ယာမြေများအပြည့်အဝစိုက်ပျိုးနိုင်ရေး၊ စပါးမျိုးကောင်းမျိုးသန့်များ ရရှိစေရေး၊ သီးနှံအထွက်နှုန်း ကောင်းမွန်စေရေး၊  မွေးမြူရေးလုပ်ငန်းများ၊ လမ်းတံတား ကောင်းမွန်စေရေး၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ပါက ကြိုတင်ကာကွယ်ရမည့်လုပ်ငန်းများ စသည့်သက်ဆိုင်ရာ ကဏ္ဍအလိုက်ရှင်းလင်းဆွေးနွေးပြီး ဒေသခံပြည်သူများမှ တင်ပြ ချက်များအား သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကာ အသိပညာပေးလက် ကမ်းစာစောင်များဖြန်ဝေပေးခဲ့ပြီး မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဝါးဖြူတောင်ကျေးရွာအတွက် ဆေးဖြန်းပုံးတစ်ပုံး၊ဟန်းဂျယ်နှင့် hand speaker တို့ပေးအပ်ခဲ့ပြီး မှတ်ပုံတင်နှင့် အိပ်ထောင်စုလူဦးရေစာရင်းဆောင်ရွက်ခြင်း ကိုဗစ်- ၁၉ ထပ်ဆောင်းကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)