မိုင်းခုတ် နိုဝင်ဘာ ၂၅
လူထုလှုပ်ရှားမှု ဒီဇင်ဘာအားကစားလကျရောက်တော့မည်ဖြစ်သဖြင့် ကိုယ်လက်လှုပ်ရှားအားကစားနှင့်ပတ်သက်၍ ပြည်သူများ အသိပညာဗဟုသုတရရှိပြီး လိုက်နာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယမန်နေ့ နံနက်ပိုင်းက ကိုယ်လက်လှုပ်ရှားအားကစားကဏ္ဍဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသထားကြောင်း သိရသည်။
အဆိုပါ ကိုယ်လက်လှုပ်ရှားအားကစားကဏ္ဍဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်တွင် အများပြည်သူများ ကျန်းမာရေးအတွက် လမ်းလျှောက်သင့်ကြောင်း အသိပညာပေးစာစောင်များ၊ ကိုယ်လက်လှုပ်ရှားမှုများဆိုင်ရာ အသိပညာပေးစာစောင်များ၊ ကျန်းမာရေးအတွက်ပြုလုပ်ရမည့် လေ့ကျင့်ခန်းများနှင့် အခြားကျန်းမာရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အသိပညာပေးစာစောင်များ ထည့်သွင်းပြသထားကြောင်း သိရသည်။
အများပြည်သူများအနေဖြင့် ဒီဇင်ဘာအားကစားလအတွင်း ကျန်းမာကြံခိုင်ရေးနှင့် စိတ်လက်အပန်းဖြေစေရေး ကိုယ်လက်လှုပ်ရှားအားကစားကဏ္ဍတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်ပြသခြင်းဖြစ်ပြီး ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လာရောက်ဖတ်ရှု လေ့လာလျက်ရှိကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)