လွိုင်လင်မြို့နယ်၊ ခဲတန်ကျေးရွာနှင့်ဟွေတောက်ကျေးရွာ၌ အခြေခံပညာကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းအား ကွင်းဆင်းစစ်ဆေး

လွိုင်လင် နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်အတွင်းရှိ ခဲတန်ကျေးရွာနှင့် ဟွေတောက်ကျေးရွာတို့တွင် အခြေခံပညာမူလွန် ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုကို ခရိုင်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက သွားရောက်စစ်ဆေးကြသည်။

ထိုသို့စစ်ဆေးရာတွင် ရှေးဦးစွာ ခရိုင်ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မိုင်းပွန်တိုက်နယ် ခဲတန်ကျေးရွာ(မူလွန်) ကျောင်းဆောင်သစ် အလျား ၆၀ ပေ၊ အနံ ၃၀ ပေ ) Street Structure တစ်ထပ်ကို တင်ဝင်းနိုင်ကုမ္ပဏီက တာဝန်ယူတည်ဆောက်လျက်ရှိရာ လုပ်ငန်ပြီးစီးမှုအခြေအနေများ ကြည့်ရှုစစ်ဆေးပါသည်။ ထို့နောက် ခဲတန်ကျေးရွာမှ ပြန်လည်ထွက်ခွါလာပြီး ဟွေတောက်ကျေးရွာ အခြေခံပညာမူလွန်ကျောင်း ( အလျား ၆၀ ပေ ၊ အနံ ၃၀ ပေ) Street Structure  တစ်ထပ်ကျောင်းဆောင်သစ် တည်ဆောက်ပြီးစီးမှုကို ကြည့်ရှု့စစ်ဆေးပါသည်။ ထိုသို့ကြည့်ရှု့စစ်ဆေးမှုတွင် ခရိုင်ပညာရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် တင်ဝင်းနိုင်တည်ဆောက်ရေးကုမ္ပဏီမှ တာဝန်ရှိသူများ လိုက်ပါကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)