ကလေးခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ဝန်ထမ်းများစွမ်းဆောင်ရည် မြင့်မာရေးဆွေးနွေးပွဲကျင်းပ

ကလေး အောက်တိုဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center)တွင် ယ‌နေမွန်းလွဲပိုင်းက ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားစေရေးအတွက် မိုဘိုင်းဖုန်းဖြင့် Word File နှင့် Video File ပေးပို့နည်းများကို ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က ဝန်ထမ်းများအား ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျ ရှိစေရန်နှင့် ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန်၊ ဝန်ထမ်းများ တစ်ဦးချင်းစီ အရည်အသွေးတိုးတက်မြင့်မားစေရန်နှင့် ရည်မှန်းချက်တာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ဆွေးနွေးပွဲဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓာတ်ပုံကျွမ်းကျင်(၂) ဦးကျော်ဟိန်းက ဖုန်းဖြင့် Word File ပြုလုပ်နည်း၊ Video File များကို Gmail မှ We Transfere ဖြင့် ပေးပို့ခြင်းများကို ဆွေးနွေးခဲ့ပြီး ဝန်ထမ်းများက သိရှိလိုသည့်အချက်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။

ကလေးခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းများအပြင်၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ပညာရှင်များနှင့်တွေ့ဆုံ၍ Talk Show များ Online အသိပညာပေးဆွေးနွေးပွဲများကို  လစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ကလေး(ပြန်/ဆက်)