အိမ်မဲ နိုဝင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ရှိ ကျေးရွာအုပ်စုအသီးသီးတွင် စီမံကိန်းသီးနှံများ ရည်မှန်းချက်အတိုင်း စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ စိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရန်နှင့် အောင်မြင် နိုင်ရေးအတွက် နယ်မြေအလိုက် စိုက်ပျိုးထုတ်လုပ်မှု ကြီးကြပ်ရေးအဖွဲ့များ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉နာရီက အိမ်မဲမြို့နယ် ကွင်းကလေးကျေးရွာအုပ်စုနှင့် ကြို့ကုန်းကျေးရွာအုပ်စုတို့အား အဖွဲ့အမှတ် (၁၃) အဖွဲ့မှ ကွင်းဆင်းစည်းရုံးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါအဖွဲ့တွင် မြို့နယ်စီမံကိန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာညိန်း၊ မြို့နယ်လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်အေးအေးတင်၊ မြို့နယ် ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်နှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးအေးသင်းနှင့် စိုက်ပျိုးရေးဝန်ထမ်းများ၊ မြေစာရင်းဝန်ထမ်း များအဖွဲ့မှ ကွင်းကလေး ကျေးရွာနှင့် ကြို့ကုန်းကျေးရွာများ၏ တောင်သူများနှင့် တွေ့ဆုံ၍ ၂၀၂၂-၂၀၂၃ခုနှစ် နွေစပါးစိုက်ပျိုးမှု၊ နေကြာစိုက်ပျိုးပြီးစီးမှု၊ ဆောင်းသီးနှံ၊ ပဲအမျိုးမျိုး စိုက်ပျိုးပြီးစီးမှုများ ကွင်းဆင်းစစ်ဆေးခဲ့ပြီး နွေစပါးနှင့် နေကြာစိုက်ပျိုးမှုများ လျာလား ချက်နှင့်အညီ ပြည့်မီအောင်ရွက်ကြရန် စည်းရုံးဆွေးနွေး ပြောကြားခဲ့ပြီး၊ နေကြာစိုက် တောင်သူများအား နေကြာမျိုးစေ့များ အခမဲ့ ပေးအပ်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့် တောင်သူများက ကျေးရွာများတွင် ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် စိုက်ပျိုးမှု တွေ့ကြုံရသည့် အခက်အခဲများ တင်ပြခဲ့ကြရာ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဌေးဌေးလှိုင်