ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင် လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်

မန္တလေးတိုင်းးဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ တိုးတက်စေရန်၊ လူငယ်အချင်းချင်း အသိပညာ၊ အတတ်ပညာများ ဖလှယ်နိုင်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေပြီး စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်တို့ကို ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အမှတ်(၃၅) အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့နယ်တွင် က​လေးသူငယ် အခွင့်အ​ရေးများဆိုင်ရာ​ကော်မတီ ဖွဲ့စည်းတာဝန်​ပေးအပ်

ရန်ကုန်တိုင်း​ဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် မြို့နယ်က​လေးသူငယ် အခွင့်အရေးများဆိုင်ရာ​ ကော်မတီဖွဲ့စည်းတာဝန်​ပေးအပ်ခြင်း အခမ်းအနားအား ယမန်နေ့နံနက် ၁၀ နာရီက ဒဂုံမြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရှိရသည်။

သရက်မြို့၌ စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသော စားသောက်ကုန်များ ရောင်းချနေမှု ရှိ/မရှိနှင့် ဈေးကွက်အတွင်း လက်ကျန်မရှိစေရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး သရက်မြို့၌ စားသုံးရန် မသင့်ဟုထုတ်ပြန်ထားသောစားသောက် ကုန်များ ရောင်းချနေမှု ရှိ/မရှိ နှင့် ဈေးကွက်အတွင်း လက်ကျန်မရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို  ခရိုင်စားသုံးသူဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့က ယမန်နေ့နံနက် ၉ နာရီခွဲက မြို့မဈေးအတွင်း ရောင်းချနေသည့် ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

အမ်းမြို့နယ်၌  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင်သွားလာနိုင်စေရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင်သွားလာနိုင်စေရေး၊ ယာဉ်မတော် တဆမှုများလျော့နည်းစေရေးအတွက် အသိပညာပေးဟောပြောပွဲကို စျေးတောင်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်ခွဲ (အမှုထမ်း- ၂)၌ ယမန်နေ့ နေ့လယ်က ကျင်းပပြုလုပ်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော်အတွင်း မဲစာရင်းပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မဲစာရင်းပြုစုခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့မွန်းလွဲ (၃) နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို ၂၀၂၂ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေး အားလုံးပေါင်းစုလှုပ်ရှားပေးဟူသော ဆောင်ပုဒ်နှင့်အညီ ၂၀၂၂ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။

ဝါးခယ်မမြို့နယ် ကျုံမငေးမြို့၌ အများပြည်သူများ ပါးစပ်နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာစေရန်  Mask Campaign ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြခရိုင် ၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့တွင် ကိုဗစ်-၁၉ ရောဂါနှင့် ဆက်စပ်ဖြစ်ပွားလျက်ရှိသော ကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍  အများပြည်သူများ နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်သွားလာမှု ရှိစေရေး Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် အများပြည်သူသွားလာရာနေရာများ၊ လူစည်ကားရာနေရာများ၊ မြို့အဝင်၊ အထွက်စစ်ဆေးရေးဂိတ်နှင့် ဈေးများအတွင်း အသိပညာပေးခြင်းများ၊ နှာခေါင်းစည်း(Mask)အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လဟယ်မြို့တွင် အပတ်စဉ်စနေ့တိုင်း ဒေသ၊ မြို့နယ်အဆင့် စုပေါင်းသန့်ရှင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင်ဒေသ/မြို့နယ်အဆင့် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက်(၀၇:၀၀)နာရီအချိန် လဟယ်မြို့ ကျောင်းဝန်းသန့်ရှင်းသာယာလှပစေရန် ရည်ရွယ်ပြီး အထက ကျောင်းဝန်းတွင် စုပေါင်းသန့်ရှင်းဆောင်ရွင်ခဲ့ကြသည်။

သရက်ခရိုင် ပြည်သူ့ဆေးရုံသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆေးရုံသုံးပစ္စည်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများပေးအပ်လှူဒါန်း

မကွေးတိုင်းဒေသကြီး သရက်ခရိုင်ပြည်သူ့ဆေးရုံသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆေးရုံသုံးပစ္စည်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပစ္စည်းများပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ (၃)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်အဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် မြောင်းမြ ပညာရေးဒီဂရီကောလိပ် တိုင်းရင်းသားဘာသာစကားသင် ဆရာ ဆရာမများအတွက် အရည်အသွေးမြှင့် ဆွေးနွေးပွဲ ပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနားနှင့်  ဒိုဘီကုန်းစျေး ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၁၁း၄၅ အချိန်ခန့်က မြောင်းမြမြို့၊ မြကန်သာရပ်ကွက်ရှိ ဒိုဘီကုန်းစျေး ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုစစ်ဆေးခဲ့သည်။
Subscribe to