ငပုတော နိုဝင်ဘာလ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ သက္ကယ်ချောင်းကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သက္ကယ်ချောင်းကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း၊ ကျောင်းအုပ် ဆရာကြီးဦးခင်ထွေးက ကျောင်းသားကျောင်းသူလေးများအား စာပေလေ့လာဖတ်ရှူ့မှုနှင့် ပတ်သက်၍ အမှာစကား ပြောကြားခဲ့သည်။ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ လက်ထောက် တိုင်းရင်းဆေးမှူး ဒေါ်ခင်ဌေးနွယ်က ချောင်းဆိုးရောဂါနှင့် ပတ်သက်၍ စားသောက်ရမည့် အစားအစားများဆောင်ရန်၊ ရှောင်ရန်များဆွေးနွေး ဟောပြောခဲ့သည်။
ဆက်လက်ပြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နုနုရီက လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တ၊ စာပေဖတ်ရှူ့ရခြင်း ခေါင်းစဉ်များဖြင့် ဟောပြောခြင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်စန်းက စားသုံးသူကာကွယ်ရေး အသိပညာပေး အကြောင်းအရာများကို ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ် စာစောင်များနှင့် စာအုပ်စာစောင်များပြသခဲ့ပြီး အဆိုပါအခမ်းအနား သို့ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဆရာမများ ကျောင်းသား/သူ (၁၇၃)ဦး တက်ရောက်ခဲ့သည်။
ထို့နောက်သက္ကယ် ချောင်းဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျေးရွာပြည်သူ(၃၅)ဦးအား မြို့နယ်တိုင်းရင်းဆေးကုဌာနမှ အခမဲ့ဆေးကုသပေးလျက်ရှိကြောင်း သတင်းရရှိသည်။
မြို့နယ်ပြန်/ ဆက်