(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရသေ့တောင်မြို့နယ် (Community Centre) ခန်းမ၌ စာအုပ်ပြပွဲကျင်းပ

ရသေ့တောင် နိုဝင်ဘာ ၂၅

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ မွန်းလွဲ(၁)နာရီအချိန်က စာအုပ်ပြပွဲများကို ကျင်းပပြသခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင်ကျရောက်မည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန (Community Centre) ခန်းမ၌ ကျောင်းသူ/ ကျောင်းသားများနှင့် ရပ်ကွက်နေပြည်သူများအား စာအုပ်စာစောင်များ၊ မဂ္ဂဇင်းများ၊ အသိပညာဗဟုသုရရှိမည့်စာအုပ်များ၊ ရခိုင်သမိုင်းစာအုပ်များ၊ ရခိုင်ပြည်နယ်နေ့သိကောင်းစာအုပ်များ စသည့် စာအုပ်များကိုခင်းကျင်းပြသလျက်ရှိသည်။

အဆိုပါစာအုပ်ပြပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦးက စာဖတ်ပရိသတ်ပြည်သူများအား အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာပေကောင်းများဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရေးအတွက်ရည်ရွယ်ပြီး ကျင်းပရသည်ဖြစ်ကြောင်း သိရှိရပါသည်။၊

ထွန်းလင်းကျော်