ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာဈေးအတွင်း၌ မီးဘေးလုံခြုံရေးကြိုတင်အသိပေးနှိုးဆော်

ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာဈေးအတွင်း၌ မီးဘေးလုံခြုံရေးကြိုတင်အသိပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန၊ ကျည်တောင်ကျေးရွာ နယ်မြေမီးသတ်စခန်းမှတာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက အသိပေးနှိုးဆော်ခဲ့သည်။                         

ဘားအံမြို့၌ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ခရိုင်အဆင့် ကြီးကြပ်မှုကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့၌ ခရိုင်အဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်‌နေ့ မွန်းလွဲ (၃)နာရီခန့်က ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ အဋ္ဌမအကြိမ်မြောက် အာစရိယပူဇော်ပွဲအထိမ်းအမှတ် ဆရာကြီး၊ ဆရာမကြီးများကို အိမ်တိုင်ရာရောက်သွားရောက်ကန်တော့

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူဟောင်းများ စုပေါင်းကျင်းပပြုလုပ်သည့် အဋ္ဌမအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ချို ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူဟောင်းများအဖွဲ့က အပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကို ကန်တော့ငွေနှင့် ဂါရဝပြုလက်ဆောင်ပစ္စည်းများဖြင့် အိမ်တိုက်ရာရောက်သွားရောက်ပြီး ကန်တော့ခဲ့ကြကြောင်း သိရသည်။

မအီမြို့ ဂျီဖြူတောင်ကျေးရွာ အထက်တန်းကျောင်း(ခွဲ)၌ ရသဥယျာဉ် စကားဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ဂျီဖြူတောင်ကျေးရွာ အထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များနှင့် ကျေးလက်နေပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန်၊ နေ့စဉ် ထိတွေ့ဖြတ်သန်းနေရသည့် လူမှုဝန်းကျင်တွင် ကိုယ်ချင်းစာတရားဖြင့် ယုတ္တိတန်စွာ ဓမ္မဓိဋ္ဌာန်ကျကျ ဆုံးဖြတ်ဆက်ဆံနိုင်စေရန်နှင့် အများအကျိုး ရပ်ရွာအကျိုးသယ်ပိုးစေနိုင်ရန် ရည်ရွယ်၍ "ပရဟိတသမား" ဟူသောခေါင်းစဉ်ဖြင့် ရသဥယျာဉ်စကားဝိုင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါ ကျောင်းခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

တိုင်းရင်းသားဘာသာစကားသင် ဆရာ/ဆရာမများအရည်အသွေးမြှင့်အထောက်အကူပြု ဆွေးနွေးပွဲ ဆင်းပွဲအခမ်းအနား ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ လားရှိုးပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမတွင် ယမန်နေ့နံနက်(၉)နာရီအချိန်က တိုင်းရင်းသားဘာသာစကားသင် ဆရာ/ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ ဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

မြိတ်လေဆိပ်တွင် လေယာဉ်မတော်တဆ အရေးပေါ်အခြေအနေ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ လေဆိပ်တွင် ခရီးသည်တင်လေယာဉ် အင်ဂျင်စက်ချို့ယွင်းမှုကြောင့် အရေးပေါ်ဆင်းသက် ရသည့် အခြေအနေဖြစ်ပွားလာပါက လေယာဉ်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့ နေ့လယ်ပိုင်းက မီးသတ်ယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေးယာဉ်များဖြင့် မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ခဲ့ ကြသည်။

ကလောမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ၁/၂၀၂၂ ကွန်ပျူတာအခြေခံသင်တန်းဆင်းပွဲ ကျင်းပ

အခြေခံလူတန်းစားများ အသက်မွေးဝမ်းကြောင်းတွင် တစ်ဘက်တစ်လမ်းမှ အထောက်အကူ ပြုနိုင်စေရန်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ၁/၂၀၂၂ ကွန်ပျူတာ အခြေခံပညာသင်တန်းကို အခမဲ့သင်ကြားပေးလျက်ရှိရာ ယမန်နေ့ညနေ ၄ နာရီက ကွန်ပျူတာ အခြေခံပညာသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် ပဲတီစိမ်းအထွက်နှုန်းကောင်းပြီး စျေးကောင်းရောင်းချရသဖြင့် တောင်သူများစီးပွားရေအဆင်ပြေလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်သည် ဒေသတွင်းရေခံ မြေခံ အခြေခံကောင်းမွန်ပြီး စိုက်ပျိုးရေးတွင် အောင်မြင်ဖြစ်ထွန်းသော မြို့နယ်တစ်မြို့နယ်ဖြစ်သည်နှင့်အညီ အခြေခံစိုက်ပျိုးသီးနှံဖြစ်သည့် ဆန်စပါး၊ စျေးကွက်ဝင်အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ကုလားပဲ၊ ကြံ၊ ပဲကြီး၊ ပဲစဉ်းငုံ၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဟင်းသီးဟင်းရွက်စသည့် စိုက်ပျိုးသီးနှံများအပြင် ယခုအခါတွင် စျေးကောင်းရရှိသော ပဲတီစိမ်းများ စိုက်ပျိုးလာကြသည်။

မြိတ်မြို့တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်း ဆွေး‌နွေးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူ လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်း ဆွေး‌နွေးပွဲကို အထက(၁) မြိတ် ပညာဗိမာန်ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဓနုဖြူမြို့နယ်တွင် ထင်း/မီးသွေး အစားထိုး စပါးခွံလောင်စာတောင့် ထုတ်လုပ်လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ထင်း/မီးသွေး အစားထိုး စပါးခွံလောင်စာတောင့်ထုတ်လုပ်ခြင်းကို ရန်ကုန်-ဟင်္သာတ ကားလမ်းဘေး၊ အမှတ် (၁၇)ရပ်ကွက် မိဘဂုဏ်ရည်ဆန်စက်၌ ထုတ်လုပ်လျက်ရှိကြောင်းသိရသည်။
Subscribe to