တောင်တွင်းကြီး နိုဝင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်သည် ဒေသတွင်းရေခံ မြေခံ အခြေခံကောင်းမွန်ပြီး စိုက်ပျိုးရေးတွင် အောင်မြင်ဖြစ်ထွန်းသော မြို့နယ်တစ်မြို့နယ်ဖြစ်သည်နှင့်အညီ အခြေခံစိုက်ပျိုးသီးနှံဖြစ်သည့် ဆန်စပါး၊ စျေးကွက်ဝင်အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ကုလားပဲ၊ ကြံ၊ ပဲကြီး၊ ပဲစဉ်းငုံ၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဟင်းသီးဟင်းရွက်စသည့် စိုက်ပျိုးသီးနှံများအပြင် ယခုအခါတွင် စျေးကောင်းရရှိသော ပဲတီစိမ်းများ စိုက်ပျိုးလာကြသည်။
တောင်တွင်းကြီးမြို့နယ်တွင် စျေးကွက်ဝင်ပဲတီစိမ်း (၁၇၇၉၆) ဧက အား စိုက်ပျိုးထားရှိပြီး (၁) ဧကလျှင် တင်း(၂၀)အထိ ထွက်ရှိကြောင်းနှင့် ပဲတီစိမ်းတစ်တင်းလျှင်(၅၆၀၀၀)ကျပ် ရောင်းချရသဖြင့် တောင်သူများစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)