လားရှိုး နိုဝင်ဘာ ၂၆
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ လားရှိုးပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမတွင် ယမန်နေ့နံနက်(၉)နာရီအချိန်က တိုင်းရင်းသားဘာသာစကားသင် ဆရာ/ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ ဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး လားရှိုးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်လွင်လွင်စန်းက သင်တန်းဆင်း အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းဆင်း လက်မှတ်များကို လားရှိုးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးတို့က ပေးအပ်ရာ သင်တန်းသားများ ကိုယ်စားကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြပြီး သင်တန်းသား/သင်တန်းသူများက တိုင်းရင်းသားရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
အဆိုပါ တိုင်းရင်းသားဘာသာစကားသင် ဆရာ/ဆရာမများ အရည်အသွေးမြှင့်အထောက်အကူပြု ဆွေးနွေးပွဲကို နိုဝင်ဘာလ(၃)ရက်နေ့မှ (၂၅)ရက်နေ့ထိ (၂၁)ရက်ကြာဖွင့်လှစ်ခဲ့ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ တိုင်းရင်းသားဘာသာစကားသင် ဆရာ/ဆရာမ (၂၀၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး