ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာဈေးအတွင်း၌ မီးဘေးလုံခြုံရေးကြိုတင်အသိပေးနှိုးဆော်

ဇေယျာသီရိ နိုဝင်ဘာ ၂၆

ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာဈေးအတွင်း၌ မီးဘေးလုံခြုံရေးကြိုတင်အသိပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန၊ ကျည်တောင်ကျေးရွာ နယ်မြေမီးသတ်စခန်းမှတာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက အသိပေးနှိုးဆော်ခဲ့သည်။                         

ထိုသို့အသိပေးနှိုးဆော်ရာတွင် ဇေယျာသီရိမြို့နယ်မီးသတ်ဦးစီးဌာန၊ ကျည်တောင်ကျေးရွာနယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဌေးမောင်၊ မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျည်တောင်ကျေးရွာအုပ်စု၊ အုပ်ချုပ် ရေးမှူးဦးကြည်ထွန်းတို့က ကျည်တောင်စျေးအတွင်း၌ မီးဖိုဖြင့်ပြုလုပ်ရောင်းသည့် စျေး ဆိုင်များ၊ အခြားမီးသုံးစွဲသည့်ကုန်ခြောက်ဆိုင်များအား မီးများစနစ်တကျသုံးစွဲရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်ချက်များအားလိုက်လံစစ်ဆေး၍ မီးမလောင်ခင်ဆောင်ရွက်ရမည့်နည်းလမ်းများ၊ မီးလောင်လျှင်ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် မီးလောင်ပြီးဆောင်ရွက်ရမည့်နည်းလမ်းများကို အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းလင်း