မိုင်းကိုင်မြို့နယ်၌ တတိယအကြိမ် ကပ်ထားကြေညာမည့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး စိစစ်ခြင်းဆောင်ရွက်

မိုင်းကိုင် ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ တတိယအကြိမ် ထပ်မံကပ်ထားကြေညာမည့်  ပါတီစုံတီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မဲစာရင်းစိစစ်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၂၀ ရက်နေ့က  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စုပေါင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင်  ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မဲဆန္ဒရှင်များ၏ တောင်းဆိုမှု၊ ပြင်ဆင်မှုနှင့် ကန့်ကွက်မှုများအား စိစစ်ပြင်ဆင်ပြီး မဲစာရင်းများကို သက်ဆိုင်ရာ လွတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ (တတိယအကြိမ်) ကပ်ထားကြေညာမည်ဖြစ်သည့်အတွက် (တတိယအကြိမ်) ထပ်မံကပ်ထားကြေညာခြင်းမပြုမီ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများကစုပေါင်း၍ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး  ထပ်မံစိစစ်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ မဲစာရင်းပြည့်စုံမှန်ကန်မှုရှိစေရေး မဲစာရင်းစစ်ဆေးမှုများကို ၂၀.၁၂.၂၀၂၅ ရက်နေ့မှ ၂၂.၁၂.၂၀၂၅ ရက်နေ့အထိ မိုင်းကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၉)အုပ်စု၊ မဲရုံပေါင်း (၃၅)ရုံတို့တွင်  မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချော(မိုင်းကိုင်)