ကျောက်ဆည် နိုဝင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဒွေးလှကျေးရွာမှ တောင်သူအများစုသည် စိုက်ပျိုးရေးလုပ်ကိုင်ရာတွင် မိုးရေနှင့်မြေ အောက်ရေကိုအဓိကထား စိုက်ပျိုးလုပ်ကိုင်ရသောကြောင့် ပဲမြစ်၊ ငှက်ပျော၊ ကြက်သွန်၊ ကုလားပဲ၊ ပဲစင်းငုံ စသည့် သီးနှံများ အဓိထား စိုက်ပျိုးကြပြီး မိုးရာသီတွင် စတင်စိုက်ပျိုးခဲ့သော ပဲမြစ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ တူးဖော်ရောင်းချရာတွင်လည်း ဈေးကောင်းရရှိနေကြောင်း သိရသည်။
ပဲမြစ်စိုက်ပျိုးမည်ဆိုပါက မြေကိုကောင်းမွန်စွာ ပြုပြင်ထားရပြီး မျိုးရွေးချယ်မှုသည် အရေးကြီးကြောင်း၊ မျိုးရွေးချယ်မှု မှန်ကန်မှသာ ပဲမြစ်အထွက်နှုန်းကောင်း၍ ရောင်းချရာတွင်ဝယ်ယူသူများပြားကြောင်းနှင့် ပဲမြစ်တစ်ဧကစိုက်ပျိုးမည်ဆိုပါ မျိုးစေ့တစ်တင်း အသုံးပြုရကြောင်း ကုန်ကျစရိတ်အနေဖြင့် လယ်တစ်ဧကတွင် မြေအမျိုးအစားနှင့် သွင်းအားစုအပေါ်မူတည်ပြီးငွေကျပ် (၈)သိန်းကျပ်မှ (၁၀)သိန်းကျပ်ခန့်ကုန်ကျကြောင်း ပဲမြစ်စိုက်ပျိုးသည့် တောင်သူများထံမှ သိရသည်။
ပဲမြစ်သီးနှံသည် သက်တမ်းအားဖြင့် (၄)လမှ(၅)အထိကြာမြင့်ကြောင်း မျိုးရွေးချယ်မှု မှန်ကန်ပြီး အပင်ပြုစုမှုကောင်းမွန်ပါက လယ်တစ်ဧတွင် ပိဿာချိန်(၉၀၀)မှ(၁၀၀၀)အထိထွက်ရှိပြီး ယခုအခါ ပဲမြစ်တစ်ပိဿာ ငွေကျပ်(၁၈၀၀)မှ(၂၀၀၀)ကျပ်အထိ ဈေးရရှိကြောင်း ပဲမြစ်စိုက်တောင်သူများ တောင်သူဦးမြင့်ဦးက ပြောသည်။
သက်မောင်(ကျောက်ဆည်)