မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် “ဝ”တိုင်းရင်းသားတို့၏ ရိုးရာအက ရိုက်ကူးထုတ်လွှင့်

မက်မန်း နိုဝင်ဘာ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုများ၊ အကများကို လေးစားလိုက်နာတတ်စေရန် ရည်ရွယ်၍ “ဝ”တိုင်းရင်းသားတို့၏ ရိုးရာအကများ ရိုက်ကူးခြင်းကို ယမန်နေ့ ညနေပိုင်း အချိန်က ရိုက်ကူးခဲ့သည်။

ထိုသို့ ရိုက်ကူးရာတွင်  “ဝ”တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းမှ တိုင်းရင်းသူလေးများက ရိုးရာ အကများ မတိမ်ကောစေရေး၊ ရိုးရာအကများကို လူငယ်မောင်မယ်များ မြတ်နိုးထိန်းသိမ်းတတ်စေရေး၊ အခြားတိုင်းရင်းသားများ သိရှိလေ့လာနိုင်ရေးတို့အတွက်  “ဝ” ရိုးရာအကများကို ဖော်ထုတ်ရိုက်ကူးခြင်းဖြစ်သည်။ မက်မန်းမြို့နယ်တွင် ရှမ်းတိုင်းရင်းသား၊  လားဟူတိုင်းရင်းသားနှင့် “ဝ”တိုင်းရင်းသားများ အများဆုံးနေထိုင်လျက်ရှိပြီး တိုင်းရင်းသားအချင်းချင်း စည်းစည်းလုံးလုံး အတူအတွအေးချမ်းစွာ ယှဉ်တွဲနေထိုင်လျက်ရှိသည်။ မက်မန်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဒေသခံတိုင်းရင်းသားများ၏  ရိုးရာယဉ်ကျေးမှုများ၊ ရိုးရာအကများကို ရိုက်ကူး၍ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုများကို ဖော်ထုတ်ပေးလျက်ရှိသည်။

“ဝ”တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအကများကို မက်မန်းခရိုင်၊ ပြည်သူ့စာကြည့်တိုက် Psge နှင့် we Love page တို့တွင် ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)