မောင်တော နိုဝင်ဘာ ၃၀
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ရုံးစာရေးသားနည်း (Online)သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က Zoom Meeting ဖြင့် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဦးဇော်ဇော်ဆန်းက ရုံးစာရေးသားနည်းသင်တန်းဖွင့်လှစ်ပေးခြင်းအားဖြင့် ရုံးစာများရေးသားရာတွင် ယခင်ထက်ပို၍ ကျွမ်းကျင်စွာဖြင့် ရုံးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် အချိန်ကိုအကျိုးရှိစွာအသုံးချပြီး သင်တန်းမှသင်ကြားပို့ချမှုများကို လေ့လာသင်ယူမှတ်သားကြရန်လိုအပ်ကြောင်းဖြင့်ပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို မောင်တောခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်၊ မြို့ရုံးများမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း(၁၃)ဦးတက်ရောက်လျက်ရှိပြီး သင်တန်းတွင် ရုံးစာရေးသားရာတွင် အခြေခံရမည့်အချက်များ၊ ရုံးစာရေးသားနည်းအမျိုးအစားများ၊ စာအထားအသို၊ စာပေးစာယူ၊ အမိန့်ညွှန်ကြားချက်များ၊ အစည်းအဝေးမှတ်တမ်းများ၊ လုပ်ငန်းမှတ်တမ်းများ စသည်တို့ကို နိုဝင်ဘာ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့ထိ သုံးရက်ကြာသင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
အောင်ကျော်စိန်