လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများရွေးချယ်ရေးကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးရေးဆက်လက်ကျင်းပ

ဒဂုံအရှေ့ နိုဝင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့်လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မဝတလမ်းဆုံရှိ မသန်စွမ်းအားကစားကွင်း၌ ယနေ့နံနက် ၇ နာရီအချိန်က  ဆက်လက်ကျင်းပခဲ့သည်။

မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးအတွက် ရေးဖြေ၊ နှုတ်ဖြေစာမေးပွဲကို မြို့နယ်ပညာရေးဦးစီးဌာနကဦးဆောင်၍ မြို့နယ်အတွင်းရှိကျောင်းများမှ Grade-9(၂၀)ဦး၊ Grade-10(၁၂)ဦး၊ Grade-11(၁၂)ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၄၄)ဦးရှိပြီး နိုဝင်ဘာလ ၂၈ ရက်မှစတင်ကာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာဘာသာရပ်၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ မြန်မာ့ယဉ်ကျေးမှုနှင့်ထုံးတမ်းဓလေ့၊ အထွေထွေဗဟုသုတဘာသာရပ်များကို ရေးဖြေ၊ နှုတ်ဖြေ ဖြေဆိုခဲ့ပြီးနောက် နိုဝင်ဘာလ(၃၀)ရက်တွင် ကျောင်းသားသူများ၏ ကိုယ်ကာယကြံ့ခိုင်ရေးနှင့်ယုံကြည်မှုစစ်ဆေးရေးကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မြို့နယ်အဆင့် ဘက်စုံလူရည်ချွန်ရွေးချယ်ရေးအောင်မြင်စွာ ကျင်းပနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူမှကြီးကြပ်၍မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊မြို့နယ်ပညာရေးမှူးဒေါ်ထူးထူးလွင်နှင့်ကျောင်းအုပ်ဆရာ၊ ဆရာမများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)