ပင်လောင်း နိုဝင်ဘာ ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်နိုင်ရေး ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမတွင် ပြုလုပ်ခဲ့သည်။
ပင်လောင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းများမှ လူရည်ချွန် ရွေးချယ်ခွင့်ဖြေဆိုသူ Grade-9 မှ ကျောင်းသား၊ကျောင်းသူ (၃၁)ဦး၊ Grade-10 (၃၁)ဦး၊ Grade-11 (၃၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း၊ လူရည်ချွန်ရွေးချယ်ခွင့်ဖြေဆိုရာတွင် မြန်စာဘာသာရပ်၊ အင်္ဂလိပ်ဘာသာရပ်၊ အထွေထွေ ဗဟုသုတနှင့် လူတွေ့နှုတ်ဖြေများကို နိုဝင်ဘာလ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တွင် ဖြေဆိုခဲ့ပြီး၊ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ဆက်လက်ရွေးချယ်မှုများ ဆောင်ရွက်ခဲ့သည်။ အဆိုပါ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေး ရွေးချယ်ခြင်းလုပ်ငန်းများကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားနှင့် ပညာရေးဌာနမှ ကာယဆရာ၊ ဆရာမများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခွန်အာကာစိုး