ကလောမြို့နယ်မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

ကလော  နိုဝင်ဘာလ ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ် ဝါးရုံပင်ကျေးရွာတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ၂၀၂၂-၂၀၂၃ ခုနှစ်မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားကိုယမန်နေ့ နံနက်ပိုင်းက ကွင်းအမှတ်(၅)အတွင်း စိုက်ပျိုးထားသည့် တောင်သူဦးကြီးရင်၏ ရွှေရင်အေးစပါးစိုက်ခင်း၌ ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး၊ ကလောခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက်ကြောင်း သိရသည်။

အဆိုပါ မျိုးစံကွက်ရိုက်သိမ်းရာတွင် ရွှေရင်အေးစပါးမျိုး "ကောင်း" ကိုယ်စားပြု(၁၂၅)ဧကမှ ဦးပိုင်အမှတ်(၂၅)၊ ဧရိယာ (၂.၈၉)ဧကရှိ တောင်သူဦးကြီးရင်၏ ရွှေရင်အေးမိုးစပါး စိုက်ခင်းတွင် (၀.၀၀၁)ဧက စံကွက် ရိတ်သိမ်းခဲ့ရာ တစ်ဧကအခြောက်အထွက်နှုန်း (၇၄.၃၁)တင်း နှုန်းထွက်ရှိကြောင်း သိရသည်။

ကျော်ဝင်း(ပြန်/ဆက်)