ဒဂုံမြောက် နိုဝင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၀)ရပ်ကွက်၊ ဘုရင့်နောင်လမ်းပေါ်ရှိ ဒဂုံရွှေပြည်ဈေးတွင် မီးဘေးအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲကျင်းပခြင်း၊ ဈေးအတွင်းမီးဘေးအန္တရာယ်စစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေး သရုပ်ပြသခြင်းနှင့်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မီးလောင်မှုဖြစ်ပွားပါက မီးငြှိမ်းသတ်နည်းများ၊ မီးလောင်မှုမဖြစ်ပွားစေရန် ပစ္စည်းများအားစနစ်တကျထားသိုခြင်း၊ မီးသတ်ဆေးဘူးအသုံးပြုနည်များအား လက်တွေ့သရုပ်ပြသခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိဦးတင်ထွန်းအောင်မှ မီးဘေးအသိပညာပေးဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဈေးတာဝန်ခံနှင့် ဈေးသူ/သားများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ