ကျောက်ဆည်မြို့နယ် သင်္ဂတုံကျေးရွာတွင် စိုက်ပျိုးထားသော နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် နိုဝင်ဘာ  ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်မှ တောင်သူများသည် ဆန်စပါးအပြင် ဈေးကွက်ဝင်မည့် သီးနှံမျိုးစုံ စိုက်ပျိုးလျက် သင်္ဂတုံကျေးရွာမှ စိုက်ပျိုးထားသော နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

နနွင်းသီးနှံစိုက်ပျိုးမည်ဆိုပါက ကောင်းစွာမြေပြုပြင်ထားရပြီး အကျယ်()ပေ၊အမြင့်()ပေခွဲခန့် မြေဘောင်များပြုလုပ်ကာ တစ်ပင်နှင့်တစ်ပင်(၆)လက်မခန့်အကွာ စိုက်ပျိုးရကြောင်းနှင့် နနွင်းသီးနှံသည် မြေထဲတွင် အတက်ပွားသည့်သီးနှံဖြစ်သောကြောင့် မြေအစိုဓာတ်ရရှိစေရန် ရေသွင်းပေးရကြောင်း၊ စိုက်ပျိုးပြီး ()လခန့်တွင် အပွင့်များစတင်ပွင့်ပြီး ခူးဆွတ်ရောင်းချပါက နနွင်းတစ်ဧကတွင် ငွေကျပ်(၈၀၀၀၀)ခန့် ရကြောင်း၊ ()လကျော်ပါက နနွင်းများတူးဖော်ရကြောင်း၊ တူးဖော်ရာ၌ အပင်အပြုအစုအပေါ်မူတည်၍ နနွင်း(၁)ဧတွင် (၃၇၀၀)ပိဿာမှ(၄၀၀၀)ပိဿာထွက်ရှိကြောင်း နနွင်းစိုက် တောင်သူများထံမှ သိရသည်။

ကျောက်ဆည်မြို့နယ်တွင် နနွင်းသီးနှံများကို ပွတ္တိုင်၊ ညောင်ဝန်း၊ ကြောင်ပန်းကုန်း၊ သင်္ဂတုံ၊ အရှေ့ သာဂရ၊ ကလေး၊ မှိုင်းပန်၊ ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ကုလားကျောင်း၊ ဟံမြင့်မိုရ်၊ လယ်ကြီး၊ ပုန်းညက်ကျေး၊ ကျားကာ၊ သံရွာ၊ ခါးတက်ကုန်း၊ ဆူးလေကုန်း၊ ပေါက်ပင်ကွေ့၊ မြေစိုမိုး၊ ပဲခင်း၊ ပေါင်လောင် ကျေးရွာများတွင် အများအပြား စိုက်ပျိုးကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရ သည်။

သက်မောင်(ကျောက်ဆည်)