ဟိုပန်​၌ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

"ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာပေဖတ်ရှု့လေ့လာသူ ပိုမို တိုးပွားစေရန်နှင့် ကျောင်းသား/သူ များအား စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်၍ ပြင်ပဗဟုသုတများရရှိကြ စေရန်အတွက် ယနေ့မွန်းလွဲ(၁)နာရီက ဟိုပန်​မြို့နယ်၊ ကောင်းကော်ကျေးရွာ၊ အခြေခံ ပညာအလယ်တန်းကျောင်းနှင့် မန်ကောင်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းများသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မိုးညိုမြို့တွင် ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အလကမယင်းငယ်ကျောင်း၌ ပြုလုပ်ခဲ့သည်။

မိုင်းရှူးမြို့နယ်တွင် မြို့နယ်အဆင့် အင်္ဂလိပ်စာဘာသာရပ်နှင့် သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် အင်္ဂလိပ်စာဘာသာရပ်နှင့် သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီက အင်္ဂလိပ်စာဘာသာရပ်ကို အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း သင်္ချာဘာသာရပ်ကို အမှတ်(၁)ရပ်ကွက် မူလတန်းကျောင်းတွင်လည်းကောင်း ကျင်းပပြု လုပ်ခဲ့သည်။

ရမည်းသင်းမြို့ KTL ကိုယ်ပိုင် အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် KTL ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၉)နာရီက ရမည်းသင်းမြို့ဝါတိုးရပ်ကွက်ရှိ  KTL ကိုယ်ကိုင်အထက်တန်း ကျောင်း၊ ခန်းမ၌ကျင်းပခဲ့သည်။

နတ်တလင်းမြို့နယ် စည်ပင်သာယာမြို့မစျေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နေ့လည် ၂ နာရီ အချိန်က မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)၌ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားနှင့် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်း အမှတ်အခမ်းအနားနှင့် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အလွတ်တန်း မြန်မာ့သိုင်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် နမ့်စန်မြို့နယ် ကိုယ်စားပြုအားကစားသမားများ အပြီးသတ်ရွေးချယ်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်မည့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အလွတ်တန်း မြန်မာ့သိုင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် နမ့်စန်မြို့နယ်ကိုယ်စားပြု အားကစားသမားများ အပြီးသတ်ရွေးချယ်ခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၅)ရပ်ကွက်ရှိ မြန်မာ့သိုင်းနည်းပြ ဦးမောင်ဇော်အိမ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့နှင့် ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show  ဆွေးနွေးပွဲကို  ယနေ့ နံနက် ၁၀  နာရီ အချိန်က ကျင်းပသည်။

လဲချားတွင် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လူစည်ကားသည့် မြို့မစျေးရှေ့တွင် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်(၇)နာရီခွဲ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ဘူးသီးတောင်မြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန် အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း မေယုရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to