ဘူးသီးတောင် ဒီဇင်ဘာ ၂
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန် အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း မေယုရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့်ပြိုင်ပွဲကို ရခိုင်ပြည်နယ်သာယာဖို့ဒို့တွေအားလုံး ကြိုးပမ်းစို့ခေါင်း စဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်ပြိုင်ပွဲကို ရခိုင်ပြည်နယ်တိုးတက်ရေးနှင့် လူငယ့်တာဝန်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပန်းချီပြိုင်ပွဲများတွင် အထက်တန်းအဆင့်ပြိုင်ပွဲကို သာစွဌာနေရခိုင်ပြည်ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်ပြိုင်ပွဲကို ပညာရေးဖြင့် ခေတ် မီတိုးတက်နေသော ရခိုင်ပြည်ကြီးကို တည့်ဆောက်စို့ခေါင်းစဥ်ဖြင့်လည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား/သူ(၁၃)ဦး၊ အလယ်တန်းအဆင့်ကျောင်းသား/သူ(၂၀)ဦး၊ ပန်းချီပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား/သူ(၁၁) ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/သူ (၁၅)ဦး၊ စုစုပေါင်း( ၅၉)ဦးပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)