ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အလွတ်တန်း မြန်မာ့သိုင်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် နမ့်စန်မြို့နယ် ကိုယ်စားပြုအားကစားသမားများ အပြီးသတ်ရွေးချယ်

နမ့်စန်(တ) ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်မည့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အလွတ်တန်း မြန်မာ့သိုင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် နမ့်စန်မြို့နယ်ကိုယ်စားပြု အားကစားသမားများ အပြီးသတ်ရွေးချယ်ခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၅)ရပ်ကွက်ရှိ မြန်မာ့သိုင်းနည်းပြ ဦးမောင်ဇော်အိမ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ မြို့နယ်နည်းစနစ်မှူး ဦးအေးချမ်းနိုင်၊ မြန်မာ့သိုင်းနည်းပြဆရာ ဦးမောင်ဇော်နှင့် တာဝန်ရှိသူများက လာရောက်အရွေးချယ်ခံသည့် အားကစားသမားများထဲမှ  ကီလိုတန်းအလိုက် ကျား အတိုက် (၅) ဦး၊ မအတိုက် (၁)ဦးနှင့် ဓား အတိုက် မ (၂) ဦး၊ စုစုပေါင်း (၈) ဦးတို့ကို စစ်ဆေးရွေးချယ်အတည်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အလွတ်တန်း မြန်မာ့သိုင်းပြိုင်ပွဲကို ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် တောင်ကြီးမြို့၌ စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)