ရမည်းသင်း ဒီဇင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် KTL ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၉)နာရီက ရမည်းသင်းမြို့ဝါတိုးရပ်ကွက်ရှိ KTL ကိုယ်ကိုင်အထက်တန်း ကျောင်း၊ ခန်းမ၌ကျင်းပခဲ့သည်။
ရှေးဦးစွာ KTL ကိုယ်ပိုင်အထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဦးဌေးလွင်က အဖွင့်အမှာစကားပြောကြားပြီး ရမည်းသင်းခရိုင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးဒေါ်သိမ့်သိမ့်မျိုးက လူငယ်စကားဝိုင်းကျင်းပရခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ လူငယ်စကားဝိုင်းမှ အသိပညာ၊ ဗဟုသုတများပိုမို ရရှိစေရန်၊ တစ်ဦးနှင့် တစ်ဦးအသိပညာအတွေ့အကြုံ ဖလှယ်ဆွေးနွေးခြင်းဖြင့် လူငယ်အချင်းချင်း ရင်းနှီးမှုများရရှိစေမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး KTL ကိုယ်ပိုင်အထက်တန်းကျောင်းမောင်ပြည့်လင်းမှ လူငယ်နှင့်ပညာရေးကို လည်းကောင်း၊ မမိုးပြည့်ပြည့်အောင်မှ လူငယ်နှင့်ယဉ်ကျေးမှုကိုလည်းကောင်း၊ မောင်ချမ်းငြိမ်းခန့်မှလူငယ်နှင့် မျိုးချစ်စိတ်ကိုလည်း ကောင်း၊ မဆွေမိုးစက် မှလူငယ်နှင့်ဆိုရှယ်မီဒီယာကို လည်းကောင်း၊ မောင်ကောင်းခန့်စည်သူမှလူငယ်နှင့် အားကစားကိုလည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးကြရာ ကျောင်းသား၊ကျောင်းသူများက ကဏ္ဍအလိုက်သိရှိလိုသည်များအား မေးမြန်း ကြရာဦးဆောင်ဆွေးနွေးကြသူများကပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ ကျောင်းအုပ်ဆရာနှင့်ဆရာ၊ ဆရာမများ KTL ကိုယ်ပိုင်အထက်ကျောင်း၊ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၂၀၀)ဦး တက်ရောက်ခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများ ခင်းကျင်းပြသထားရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့ လာခဲ့ကြောင်း သိရသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)