လဲချားတွင် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ

လဲချား  နိုဝင်ဘာ  ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လူစည်ကားသည့် မြို့မစျေးရှေ့တွင် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်(၇)နာရီခွဲ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေရာတွင်   မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ဇေယျနှင့် ဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ လူစည်ကားသော မြို့မစျေးရှေ့တွင် နှာခေါင်းစည်း (Mask)တပ်ဆင်ထားခြင်းမရှိပဲ သွားလာနေကြသည့် စျေးရောင်း၊ စျေးဝယ်ပြည်သူများ၊ ကျောင်းသား/သူများအား နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း (Mask)များ စနစ်တကျ မဖြစ်မနေ တပ်ဆင်သွားလာရန်၊ လက်ကိုမကြာခဏဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်သွားကြရန်၊ ကိုဗစ်ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံကြရန် အသိပညာပေးဟောပြောခဲ့ပြီး နှာခေါင်းစည်း (Mask) (၁၀၀၀) ခုကို အပတ်စဥ်ဗုဒ္ဓဟူးနေ့တိုင်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လဲချား (မြို့နယ်ပြန်/ဆက်)