ဟိုပန်​၌ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ဟိုပန် ဒီဇင်ဘာ ၂

"ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာပေဖတ်ရှု့လေ့လာသူ ပိုမို တိုးပွားစေရန်နှင့် ကျောင်းသား/သူ များအား စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်၍ ပြင်ပဗဟုသုတများရရှိကြ စေရန်အတွက် ယနေ့မွန်းလွဲ(၁)နာရီက ဟိုပန်​မြို့နယ်၊ ကောင်းကော်ကျေးရွာ၊ အခြေခံ ပညာအလယ်တန်းကျောင်းနှင့် မန်ကောင်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းများသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းရာ၌ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမက(မန်ကောင်း)နှင့် အလက(ကောင်းကော်)ကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ သူ များကို ယခင်လက ငှားရမ်းပေးထားသည့် သုတ/ရသ စာအုပ်များအား ပြန်လည်အပ်နှံလက်ခံ​စေပြီး မဂ္ဂဇင်း၊ ရုပ်ပြ (၂၀)အုပ်နှင့် ပညာရပ်(၁၅)အုပ် စုစုပေါင်း သုတ၊ ရသ စာအုပ် (၃၅)အုပ်အား လဲလှယ်၍ အခမဲ့ ငှားရမ်းပေးခဲ့သည်။

ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဌာနဆိုင်ရာရုံးများနှင့် အခြေခံပညာကျောင်းများသို့ လစဉ်သွားရောက်၍  နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)