ကျောက်တံခါးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆောင်ရွက်

ကျောက်တံခါး  ဒီဇင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့နှင့် ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show  ဆွေးနွေးပွဲကို  ယနေ့ နံနက် ၁၀  နာရီ အချိန်က ကျင်းပသည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး‌ ဒေါ်စန်းတင့်က အသိပညာပေး Talk Show ဆွေးနွေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ ကျောက်တံခါး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ  ဒေါ်ဝင့်ဝါအောင်က အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ အကြမ်းဖက်မှုအမျိုးအစားများ၊ အများဆုံးဖြစ်ပွားတတ်သည့် အကြမ်းဖက်မှုများအကြောင်း၊ အကြမ်းဖက်ခံရသူများ ခံစားရနိုင်သော ရုပ်ပိုင်း/ စိတ်ပိုင်းဆိုင်ရာ အကျိုးဆက်များအကြောင်း၊ အကြမ်းဖက်ခံရပါက တိုင်ကြားနိုင်မည့်နည်းလမ်းများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး အွန်လိုင်းဝန်ဆောင်မှု Talk Show ဆွေးနွေးပွဲများကို အကြောင်းအရာအလိုက် လစဉ်ရိုက်ကူးတင်ဆက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)