မိုင်းရှူးမြို့နယ်တွင် မြို့နယ်အဆင့် အင်္ဂလိပ်စာဘာသာရပ်နှင့် သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကျင်းပ

မိုင်းရှူး  ဒီဇင်ဘာ  ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် အင်္ဂလိပ်စာဘာသာရပ်နှင့် သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီက အင်္ဂလိပ်စာဘာသာရပ်ကို အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း သင်္ချာဘာသာရပ်ကို အမှတ်(၁)ရပ်ကွက် မူလတန်းကျောင်းတွင်လည်းကောင်း ကျင်းပပြု လုပ်ခဲ့သည်။

အဆိုပါ စွမ်းရည်ပြိုင်ပွဲတွင် မိုင်းရှူးမြို့နယ်အတွင်းရှိ Grade-5မှ Grade-9အထိ ကျောင်းပေါင်းစုံ အင်္ဂလိပ်စာဘာသာရပ်နှင့် သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကို အင်္ဂလိပ်စာ ဘာသာရပ်(၆၁)ဦးနှင့် သင်္ချာဘာသာရပ်(၅၉)ဦး စုစုပေါင်းကျောင်းသား၊ကျောင်းသူ(၁၂၀)ဦး ပါဝင်ဖြေဆိုခဲ့ကြပြီး ဖြေဆိုအောင်မြင်သူ ကျောင်းသား၊ ကျောင်းသူများအား ယနေ့ မွန်းလွဲ (၁)နာရီတွင် နှုတ်ဖြေဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း‌ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)