ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)၌ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားနှင့် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

စစ်တွေ    ဒီဇင်ဘာ  ၂

ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်း အမှတ်အခမ်းအနားနှင့် မူး ယစ်ဆေးဝါးအန္တရာယ်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) ဒုတိယပါမောက္ခချုပ် ဒေါက်တာဇော်ထွန်းက ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်း မာရေးဦးစီးဌာန ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်သည် အိပ်ချ်အိုင်ဗွီ ကာကွယ်ကုသရေးဝန်ဆောင်မှုများကို လူတိုင်းညီတူညီမျှ လက်လှမ်းမီရရှိစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူတိုင်းလုံခြုံစိတ်ချရသော ကျန်းမာရေးစောင့်ရှောက်မှုများရရှိကာ အိပ် ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ကင်းဝေးသောအနာဂတ်ကို ဖော်ဆောင်ကြရန်နှင့် အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာ ဇော်ဇော်အောင်က အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပြီး စစ်တွေမြို့၊ ခုတင် ၅၀၀ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ စိတ်ရောဂါအထူးကုဆရာဝန် ဒေါက်တာ ဝင်းသန်းနိုင်က မူးယစ်ဆေးဝါး အန္တရာယ် ကာကွယ်တားဆီးရေးဆိုင်ရာ အသိပညာပေးဟောပြောကြသည်။ ယင်းနောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက အိပ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ် တားဆီးရေးအကြောင်း ဉာဏ်စမ်းပဟေဠိ အမေးအဖြေများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) ဒုတိယပါမောက္ခချုပ် ဒေါက်တာဇော်ထွန်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာကြည်လွင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)မှဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရ သည်။

တင်ထွန်း(ပြန်/ဆက်)