ငွေဆောင်မြို့တွင် ရွေးကောက်ပွဲဆောင်ရွက်မည့် မဲရုံနေရာများအား တာဝန်ရှိသူများမှ ဆက်လက်ကွင်းဆင်းစစ်ဆေး

ငွေဆောင် ဒီဇင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဆောင်ရွက်မည့် သတ်မှတ်မဲရုံနေရာများအား (၂၀.၁၂.၂၀၂၅)ရက်နေ့မှ စတင်၍ မြို့အုပ်ချုပ်ရေးမှူးဦးဝင်းမင်းကိုနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အမှတ်(၄) ရပ်ကွက်သို့ ကွင်းဆင်း၍ မဲရုံများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ငွေဆောင်မြို့၊ မီးသတ်ဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးသန့်ဇင်ဦးနှင့် လုံခြုံရေးအဖွဲ့များသည် ရွေးကောက်ပွဲဆောင်ရွက်မည့် ငွေဆောင်မြို့၊ အမှတ်( ) ရပ်ကွက်ရှိ မဲရုံ()ရုံအား သွားရောက်ကာ မဲရုံကြီးကြပ်ဌာန ဆိုင်ရာအကြီးအကဲများ ၊အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မဲရုံမှူးများနှင့် တွေ့ဆုံ၍ မဲရုံ ပတ်ဝန်းကျင် မီးဘေးလုံခြုံရေး၊ မဲရုံပရဝုဏ်သတ်မှတ်ရေး၊ မဲရုံအတွင်း လွှတ်တော်(၃)ရပ်နှင့် တိုင်းရင်းသားလူမျိုးစု လွှတ်တော်ဆန္ဒမဲပေးခန်းများ သတ်မှတ်လမ်းညွှန်ချက်များအတိုင်း စနစ်တကျဆောင်ရွက်နိုင်ရေး၊ ရွေးကောက်ပွဲ နေ့ရက်တွင် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး၊ မဲရုံတာဝန်ကို ကြိုတင်ထမ်းဆောင်ကြမည့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များနှင့် မဲရုံတာဝန်ကျ ဝန်ထမ်းများအတွက် နေထိုင်စားသောက်ရေး အဆင်ပြေစေရေးတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ငွေဆောင်