လပွတ္တာမြို့နယ်၌ နွေစပါးမျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးပွဲကျင်းပ

လပွတ္တာ ဒီဇင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ သာလိကာကုန်းကျေးရွာတွင် ယနေ့နံနက် ၈ နာရီခွဲအချိန်က နွေစပါးမျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ လပွတ္တာခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေး‌ကော်မတီဥက္ကဋ္ဌ ဦးစံရင်မော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံတောင်သူများတက်ရောက်ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာစကားပြောကြားခြင်း၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝမ်းက နွေစပါးစိုက်ပျိုးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သာလိကာကုန်းကျေးရွာအုပ်စု ကွင်းအမှတ်-၇၀၉၊ ဦးပိုင်အမှတ်-၁၃/၂ တောင်သူ ဦးမောင်နိုင်၏ လယ်မြေ ၁၀ ဧကတွင် ရက် ၉၀ စပါးမျိုးအား မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နေကြာကျင်း ၁၀၀၀ ဆီတစ်ပုံး စိုက်ပျိုးရာ Super Sun(41)နေကြာမျိုးအား ကျင်းပေါင်း ၃၀၀၀ ကို မျိုးစေ့ချစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)