ကျုံပျော် ဒီဇင်ဘာ ၂၂
(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ အင်းရဲလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း လမ်းဖွင့်ပွဲအား ဒီဇင်ဘာ ၂၂ ရက် နံနက်က တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဗဟိုအကြံပေးအဖွဲ့အဖွဲ့ဝင် မန်းငြိမ်းမောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခန့်မွန်ဆွေ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်တို့က လမ်းအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ တာဝန်ရှိသူတို့က ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များထံသို့ ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဖွင့်ပွဲမုဒ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး ၊ ဖွင့်ပွဲသို့ လာရောက်ဖျော်ဖြေကြသည့် ဘင်ခရာ၊ ပန်းဖွား၊ ဆင်အကအဖွဲ့နှင့် အိုးစည်ဝိုင်းများသို့ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ လမ်းပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ အင်းရဲလမ်း အရှည်ပေ ၅.၅ ဖာလုံကို ကျုံပျော်ခရိုင် လမ်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ (၂၉၇.၃၇၇)ကျပ်သန်းဖြင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းအနိမ့်အမြင့် ဖြေညှိခြင်းလုပ်ငန်းအား ၁၉.၁၁.၂၀၂၅ ရက်နေ့တွင် စတင်ဆောင်ရွက်ပြီး ၂၀.၁၂.၂၀၂၅ ရက်နေ့တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)