မုဒုံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

မွန်ပြည်နယ် မုဒုံမြို့နယ် မြို့မ (၁) ရပ်ကွက်၊ စာစင်အလယ်ပိုင်း၊ တပင်ရွှေထီးလမ်းတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့သည်။

မြန်အောင်မြို့အမှတ်(၁)ရပ်ကွက်၌ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် သတ်မှတ်ရည်ညွှန်းဈေး အတိုင်းရောင်းချပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဆီကိုယ်စားလှယ်(၆)ဦးက စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် ၅၀ ကျပ်သားနှုန်း တစ်လနှစ်ကြိမ် ပုံမှန်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ကမြန်အောင်မြို့ အမှတ်(၁)ရပ်ကွက်၌ စားအုန်းဆီတစ်ပိဿာ(၇၂၇၄)ကျပ်၊ ဆန်တစ်ပြည်(၂၀၀၀)ကျပ်၊ ကြက်ဥတစ်လုံး ၃၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးသန်းစိုးဦး၊ ဦးမြင့်နိုင်၊ တိုင်းဒေသကြီး ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် ဦးမင်းဇော်ဦး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖတို့က ကြည့်ရှုအားပေးကူညီဆောင် ရွက်ပေးခဲ့ကြသည်။

သီပေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်များသို့ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေကျင်မြို့တွင် ၂၀၂၆ ခုနှစ် နိုင်ငံတော်အစိုးရ ပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပျဉ်းမပင်ရပ်ကွက် လေးထပ်ဘုန်းတော်ကြီးကျောင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သာသနာတော်သန့်ရှင်းရေး တည်တံ့ပြန့်ပွားရေး၏ အခြေခံမူရင်းဖြစ်သော ပရိယတ္တိသာသနာတော်ထွန်းကားပြန့်ပွါးစေရန် ပါဠိပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ) တန်း စာမေးပွဲကို နှစ်စဉ်ကျင်းပလျက်ရှိရာ ရွှေကျင်မြို့နယ်တွင် ယမန်နေ့ မွန်းတည့် (၁၂) နာရီအချိန်မှ စတင်၍ ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပလျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို (၁၃.၄.၂၀၂၆) ရက်နေ့မှ (၁၆.၄.၂၀၂၆) ရက်နေ့အထိ ဒိုက်ဦးမြို့နယ်အတွင်း လမ်းလျှောက်သင်္ကြန်ပွဲတော်အား စည်းကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်‌ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်အတွင်း စက်ရုံ၊ အလုပ်ရုံများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနသည် နွေရာသီ ရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်းကို မတ် ၃၁ ရက် နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမင်းသန့် ဦးဆောင်၍ တပ်ဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်း စစ်ဆေးကြသည်။

ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးရှေ့တွင်မီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြှိမ်းသတ်နည်း၊ ဟောပြောပွဲနှင့် ဇာတ်တိုက်သရုပ်ပြလေ့ကျင့်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ရွှေတောင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြိုနယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လျင်မြန်စွာ မီးငြှိမ်းသတ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မီးငြှိမ်းသတ်နည်းဟောပြောပွဲနှင့် ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးရှေ့တွင် ဆောင်ရွက်ခဲ့သည်။

ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အခမဲ့သင်ကြားပေးလျက်ရှိသော အခြေခံအင်္ဂလိပ်စာနှင့် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ နွေရာသီအားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် အခမဲ့သင်ကြားပေးလျက်ရှိသော အခြေခံအင်္ဂလိပ်စာနှင့် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိ့နှိုင်းအစည်းအဝေးနှင့် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေး ဦးစီးကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီပါအဖွဲ့ဝင်များမှ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

လိပ်သိုမြို့နယ်တွင် နနွင်းတက်များ တွင်ကျယ်စွာ တူးဖော်ရောင်းချချိန် စျေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် နနွင်းတက်များ တွင်ကျယ်စွာ တူးဖော်ရောင်းချချိန် နနွင်းခြောက်များ စျေးကောင်းရလျက်ရှိသည်။
Subscribe to