ပုသိမ်ကြီးမြို့နယ်အတွင်း စက်ရုံ၊ အလုပ်ရုံများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပုသိမ်ကြီး မတ် ၃၁

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနသည် နွေရာသီ ရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်းကို မတ် ၃၁ ရက် နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမင်းသန့် ဦးဆောင်၍ တပ်ဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်း စစ်ဆေးကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် စက်ရုံတာဝန်ရှိသူများ၊ ဝန်ထမ်းများအား မီးသတိရှိရေး မီးလောင်မီးလန့်မှုမဖြစ်ပွားစေရေး၊ အသိပညာပေး ဟောပြောခြင်း၊ 191 Report Application အသုံးပြုနည်းအား ရှင်းလင်းပြောကြားပေးခဲ့ပြီး မီးသတ်ဆေးဘူး လက်တွေ့ အသုံးပြု၍ မီးငြှိမ်းသတ်ခြင်းကို ဆောင်ရွက်ကာ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ မြို့နယ်အတွင်း ကျန်ရှိနေသေးသည့် စက်ရုံ အလုပ်ရုံများကိုလည်း ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇာနည်ကိုကို၊ ပြန်/ဆက်