ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ဒိုက်ဦး မတ် ၃၁

၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို (၁၃.၄.၂၀၂၆) ရက်နေ့မှ (၁၆.၄.၂၀၂၆) ရက်နေ့အထိ ဒိုက်ဦးမြို့နယ်အတွင်း လမ်းလျှောက်သင်္ကြန်ပွဲတော်အား စည်းကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်‌ကြောင်း သိရသည်။

ယခုနှစ် ဒိုက်ဦးမြို့နယ်အတွင်း ဗဟိုမဏ္ဍပ်ဆောက်လုပ်ခြင်း၊ ဖွင့်ပွဲပြုလုပ်ဆောင်ရွက်ခြင်း၊ လမ်းလျှောက်သင်္ကြန်နှင့် သနပ်ခါးလိမ်းခြယ်ပွဲပြုလုပ်ဆောင်ရွက်ခြင်း၊ ရေကစားမဏ္ဍပ်များ ဆောင်ရွက်ခြင်း၊ စတုဒီတာကျွေးမွေးဆောင်ရွက်ခြင်း၊ ပိတ်ပွဲပြုလုပ်ဆောင်ရွက်ခြင်းနှင့် နှစ်ဆန်း (၁) ရက်နေ့တွင် ပရိတ်တရားတော်နာယူခြင်းနှင့် ပဌာန်းပွဲကျင်းပခြင်း၊ သက်ကြီးဘိုးဘွားပူဇော်ခြင်းနှင့် ဇီဝိတဒါနငါးလွှတ်ခြင်းများ ကျင်းပမည်ဖြစ်‌ကြောင်း သိရသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဖျော်ဖြေရေးမဏ္ဍပ်ကို ဒိုက်ဦးမြို့၊ ဒရယ်မီးရပ်ကွက်၊ မြို့နယ်ထွေ/အုပ်ရုံးရှေ့၌ ပေ (၃၀) ပတ်လည်မဏ္ဍပ်အား ဆောက်လုပ်သွားမည်ဖြစ်ပြီး ဖျော်ဖြေရေးယိမ်း (၅) ယိမ်းမှ အလှည့်ကျဖျော်ဖြေဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း သိရသည်။

လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ဒိုက်ဦးမြို့၊ မြို့နယ်ထွေ/အုပ်ရုံးရှေ့ရှိ ဖျော်ဖြေရေးမဏ္ဍပ်၏ တောင်ဘက်နှင့် မြောက်ဘက်ဖြစ်သည့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ စတင်၍ မြို့နယ်တရားရှေ့အထိ လမ်းမကြီးပေါ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး လမ်းလျှောက်သင်္ကြန်နှင့်အတူ မြန်မာ့ရိုးရာသနပ်ခါးလိမ်းခြယ်ပွဲအား ကျင်းပပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း သိရသည်။

ယခုအခါတွင် ဖျော်ဖြေရေးယိမ်း (၅) ယိမ်းမှ လှပျိုဖြူများမှ မြန်မာ့ရိုးရာသင်္ကြန်တွင် ညီညာစွာဖျော်ဖြေနိုင်ယိမ်းအကများ လေ့ကျင့်လျက်ရှိနေကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)