ပဲခူးမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်‌ပွဲတော်အား လမ်းလျှောက်သင်္ကြန်နှင့် ယိမ်းအကပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်

ပဲခူးမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား လမ်းလျှောက်သင်္ကြန်အဖြစ် ပြုလုပ်သွားမည်ဖြစ်သည့်အပြင် ဗဟိုမဏ္ဍပ်၌ ယိမ်းအကပြိုင်ပွဲများ၊ ဖျော်ဖြေရေးများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြာင်း သိရသည်။

တိုက်ကြီးမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်နှင့် ယိမ်းအကပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာအတာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ယဉ်ကျေးမှု အနှစ်သာရများဖြင့် ပြည်သူများအားလုံးမှ စိတ်ရွှင်လန်းချမ်းမြေ့စွာဖြင့် ပျော်ရွှင်စွာပါဝင်ဆင်နွှဲသွားနိုင်ရေး ရည်ရွယ်ကာ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်နှင့် ယိမ်းအကပြိုင်ပွဲများထည့်သွင်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

သဲကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်အောင် ဆောင်ရွက်ပေးခဲ့သော ပုဂ္ဂိုလ်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်အောင် ဆောင်ရွက်ပေးခဲ့သော ပုဂ္ဂိုလ်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

လက်ပံတန်းမြို့နယ်၌ ပေါ်ဆန်းမွှေးစပါးမျိုးများဖြစ်သည့် ရေဆင်းပေါ်ဆန်း (၂) စပါးမျိုး စမ်းသပ်စိုက်ပျိုး

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးရေးတွင် အရည်အသွေးမြင့်ပေါ်ဆန်းမွှေး စပါးမျိုးများလုံလောက်စွာရရှိစေရန် ရေဆင်းပေါ်ဆန်း (၂) စပါးမျိုးများ စမ်းသပ်စိုက်ပျိုးထားရှိကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ယိမ်းအဖွဲ့များ ကြိုတင်လေ့ကျင့်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာယိမ်းအဖွဲ့များနှင့် ရပ်ကွက်၊ ကျေးရွာများမှ ယိမ်းအဖွဲ့များက ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများကို အ.ထ.က (ပန်းတောင်း) ကျောင်း စာကြည့်တိုက်အတွင်း၌ တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။

သဲကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲဝင်ရောက်ဖြေဆိုသော ဆရာတော်/သံဃာတော်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ​သဲကုန်းမြို့နယ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်အစိုးရပါဠိပထမပြန် စာမေးပွဲကို ကျင်းပဆောင်ရွက်လျက်ရှိပြီး ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲဝင်ရောက်ဖြေဆိုသော ဆရာတော်/သံဃာတော်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဥ်ထွေးနှင့် တာဝန်ရှိသူများမှ ယမန်နေ့ နံနက် (၁၁) နာရီအချိန်က နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။

တွံတေးမြို့တွင် နွေရာသီအခြေခံအင်္ဂလိပ်စကားပြောသင်တန်း သင်ယူတတ်မြောက်မှုဆန်းစစ်ချက်ဖြေဆို

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သော နွေရာသီအခြေခံအင်္ဂလိပ်စကားပြောသင်တန်း ဆန်းစစ်ချက်ဖြေဆိုခြင်းကို ယနေ့နံနက် ၉ နာရီ မိနစ် ၃၀ အချိန်က Community  Centre ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးကွင်းဆင်း စစ်ဆေး

ကျိုက်မရောမြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များအား စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ မှောင်ခိုစျေးကွက်မဖြစ်ပေါ်စေရေးနှင့် QR Code. ဖြင့် စက်သုံးဆီရောင်းချမှုအခြေအနေများကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

မုဒုံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

မွန်ပြည်နယ် မုဒုံမြို့နယ် မြို့မ (၁) ရပ်ကွက်၊ စာစင်အလယ်ပိုင်း၊ တပင်ရွှေထီးလမ်းတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့သည်။

မြန်အောင်မြို့အမှတ်(၁)ရပ်ကွက်၌ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် သတ်မှတ်ရည်ညွှန်းဈေး အတိုင်းရောင်းချပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဆီကိုယ်စားလှယ်(၆)ဦးက စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် ၅၀ ကျပ်သားနှုန်း တစ်လနှစ်ကြိမ် ပုံမှန်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ကမြန်အောင်မြို့ အမှတ်(၁)ရပ်ကွက်၌ စားအုန်းဆီတစ်ပိဿာ(၇၂၇၄)ကျပ်၊ ဆန်တစ်ပြည်(၂၀၀၀)ကျပ်၊ ကြက်ဥတစ်လုံး ၃၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးသန်းစိုးဦး၊ ဦးမြင့်နိုင်၊ တိုင်းဒေသကြီး ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် ဦးမင်းဇော်ဦး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖတို့က ကြည့်ရှုအားပေးကူညီဆောင် ရွက်ပေးခဲ့ကြသည်။
Subscribe to