ရွှေကျင်မြို့တွင် ၂၀၂၆ ခုနှစ် နိုင်ငံတော်အစိုးရ ပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

ရွှေကျင် မတ် ၃၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပျဉ်းမပင်ရပ်ကွက် လေးထပ်ဘုန်းတော်ကြီးကျောင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သာသနာတော်သန့်ရှင်းရေး တည်တံ့ပြန့်ပွားရေး၏ အခြေခံမူရင်းဖြစ်သော ပရိယတ္တိသာသနာတော်ထွန်းကားပြန့်ပွါးစေရန် ပါဠိပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ) တန်း စာမေးပွဲကို နှစ်စဉ်ကျင်းပလျက်ရှိရာ ရွှေကျင်မြို့နယ်တွင် ယမန်နေ့ မွန်းတည့် (၁၂) နာရီအချိန်မှ စတင်၍ ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပလျက်ရှိသည်။

စာမေးပွဲတွင် ဖြေဆိုကြမည့် စာဖြေသံဃာတော်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဝန်ထမ်းများက နေ့ဆွမ်းနှင့် အချိုရည်များအား ဆပ်ကပ်လှူဒါန်းခဲ့သည်။ အဆိုပါစာမေးပွဲတွင် ပထမကြီးတန်း (၇)ပါး၊ ပထမလတ်တန်း (၁၅) ပါး၊ ပထမငယ်တန်း (၂၉) ပါး၊ အခြေပြုမူလတန်း (၂၉) ပါး၊ ‌စုစု‌ပေါင်း (၈၀) ပါး ဖြေဆိုလျက်ရှိသည်။ စာဖြေသံဃာတော်များအား ရွှေကျင်မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦး‌ဇေယျာဟိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)