မုံရွာတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ Grade-12 ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်ဆိုင်ရာမိတ်ဆက်ခြင်း အခမ်းအနားကျင်းပ

မုံရွာတက္ကသိုလ်သည် သင်ကြားသင်ယူမှုနည်းစနစ်များ၊ ဆန်းသစ်သောသုတေသနများနှင့် ဘဝတစ်သက်တာ လေ့လာသင်ယူမှုတို့ဖြင့် ဦးဆောင်နိုင်သောပညာရေး အဖွဲ့အစည်းအဖြစ် ရပ်တည်ရန် မျှော်မှန်ပြီး လုပ်ငန်းတာဝန်နိုင်ငံနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ကုန်ထုတ်လုပ်မှု အထောက်အကူပြုအသိပညာ၊ အတတ်ပညာမြင့်မားသော ပညာရှင်များထွန်းကားလာစေရေး အတွက် လေ့လာသင်ယူလိုစီဘီရှိသော ပညာရပ်ဆိုင်ရာ ပတ်ဝန်းကျင်ကောင်းတစ်ခု ဖနီတီးရန်၊ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများကို နိုင်ငံတကာအဆင့်နှင့်အညီ လေ့လာသုံးသပ်ရန်၊ ဆရာ/ဆရာမများ၏ သင်ကြားသင်ယူသူ နည်းလမ်းများကို ပိုမိုကောင်းမွန်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဆန်းသစ်သောသုတေသနများကို ဖော်ဆောင်၍ သုတေသန ရလဒ်များကို လက်တွေ့နယ်ပယ်တွင် အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်ရန်၊ လူတိုင်း လက်လှမ်းမီသည့် ဘက်စုံပညာရေးမှတစ်ဆင့်ဘဝတစ်သက်တာသင်ယူနိုင်ရေးအတွက် အခွင့်အလမ်းများကိုဖန်တီးဝေးပြီး ကျောင်းသား၊ ကျောင်းသူများ၏ အရည်အချင်းများကို ပြုစုပျိုးထောင်၍ ဉာဏ်ရည်ဉာဏ်သွေးနှင့် တစ်ကိုယ်ရည်တိုးတက်မှုကို မြှင့်တင် ဆောင်ရွက်ရန်၊ နိုင်ငံတကာပညာရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှ အစီအစဉ်များကိုမြှင့်တင်ရန် စတဲ့လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ G-12 ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တွံတေးမြို့၌ မဲစာရင်းမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင်၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်မှုရှိစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၃ ရက်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် သားအိမ်ခေါင်းကင်ဆာရောဂါ (HVP) ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန် ဒေါက်တာဇေယျာဦးနှင့် ကျန်းမာရေးဝန်ထမ်းများက အသက် (၉) နှစ်ပြည့်ပြီး   (၁၀)နှစ်မကျော်သော   ကျောင်းသူများအား  (HVP) သားအိမ်ခေါင်းကင်ဆာရောဂါ  ကာကွယ်ဆေးထိုးနှံခြင်း  လုပ်ငန်းကို အောက်တိုဘာ ၁၄ ရက်နေ့ နံနက် ၁၀ နာရီက သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးခဲ့ကြောင်းသိရ သည်။

အမှတ်(၂)ရပ်ကွက် အ.မ.ကကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေးဟောပြော

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆောင်ရွက်သည့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉နာရီခွဲက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင်ဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးခိုင်နှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Subscribe to