ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဓနုဖြူမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ဓနုဖြူ  ဒီဇင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့်အဖွဲ့သည် ဓနုဖြူမြို့နယ်၊ လမန်းကျေးရွာအုပ်စု၊ မိုးသပြုကျေးရွာ၌ ကျင်းပပြုလုပ်သော (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့ ဒီဇင်ဘာ ၂၃ ရက်နေ့ ညနေ(၅)နာရီအချိန်က တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက လျှပ်စစ်မီးဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ခြင်း၊ အမွှေးနံ့သာရည်ဖျန်းပက်ခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာကျေးရွာအတွင်း မီးတပ်ဆင်ထားမှုအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့သည်။

၎င်းနောက် ရွှေရင်အေး တန်ဆောင်းတော်ကြီး၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာနေ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ လျှပ်စစ်စွမ်းအင်ရရှိမှုအခြေအနေများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေးနှင့် အားကစားဆိုင်ရာကိစ္စရပ်များအား တွေ့ဆုံအမှာစကားပြောကြားပြီး ကျေးရွာနေ ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ်  ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)